ဈေးကွက်ဈေးနှုန်း

မကွေးတိုင်းဒေသကြီးအတွင်းရှိကုန်စည်ဒိုင်တို့၏ (၂၇ -၂ - ၂၀၂၀)ရက်နေ့ ကုန်စျေးနှုန်းနှင့်အပတ်စဉ်ကာလတူနှိုင်းယှဉ်ချက်

Last Updated:

(၂၇ -၂ -၂၀၂၀) ရက်နေ့ မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေးကုန်စည်ဒိုင်၊ပခုက္ကူကုန်စည်ဒိုင်၊ တို၏နေ့စဉ်ပေါက်စျေးနှုန်းနှင့်တစ်ပါတ်အတွင်းနှိုင်းယှဉ်ချက်၊

မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်

 

 

နှမ်း

          ယခင်( ၂၀--၂၀၂၀ )ရက်နေ့စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက နှမ်းနက်စမုံ(၁၀၀၀၀/-)၊ဂွနက် (၁၀၀၀၀/) ၊  နှမ်းဖြူ(၇၀၀၀/-)(၃၀၀၀/-) ၊နှမ်းဖြူ-‌ရေသွင်း(၄၀၀၀/-)(၆၀၀၀/-) ၊ နှမ်းညိုကြား  (၃၀၀၀/-) ကျပ် စျေးတက်ပြီး   အရောင်းအဝယ် ဖြစ်လျှက် ရှိပါသည်။ မကွေးမြို့ ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ် ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက် (၉၅၀ မှ ၁၃၀၀) ဝန်းကျင်ထိ အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။

 

ပဲမျိုးစုံ

          ပဲမျိုးစုံမှာ  ယခင် ( ၂၀--၂၀၂၀ )  ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက ပဲလွန်းဝါသေး  (၁၀၀၀/-)၊ ပဲကြီးမဲ (၁၅၀၀/-)  ၊စားတော်ပဲ(၅၀၀/-) ကျပ်    စျေးတက်ပြီး ပဲစဉ်းငုံ(ဟောင်း) (၁၀၀၀/-) ပဲစဉ်းငုံ (သစ်) (၁၂၀၀/-)၊ပဲတီစိမ်း   (၁၅၀၀/-) ကုလားပဲ (929) ( ၁၈၀၀/- )၊  ကုလားပဲ (HL)      (၁၈၀၀/- )    ၊  ကုလားပဲသေး(၁၅၀၀/-)  ပဲထောပတ်(၂၃၀၀/-)     မတ်ပဲ (၅၀၀/-)  ကျပ် စျေးကျ ကာ    ကျန် ပဲမျိုးစုံ    စျေး များ  အပြောင်း အလဲမရှိဘဲ အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။

 

မြေပဲဆံ

          မြေပဲဆံအနေဖြင့််ယခင်( ၂၀--၂၀၂၀ )ရက်စျေးနှုန်းထက် မြေပဲလုံးဆံနီ(လိုင်း)(၁၀၀/-) ကျပ်စျေးတက်ကာ မြေပဲလုံးဆံဖြူ(လိုင်း)၊ မြေပဲလုံးဆံဖြူ (လုပ်ငန်းသုံး)  မြေပဲလုံးဆံနီ (လုပ်ငန်းသုံး) ၊မြေပဲတောင့် မျိုးပဲနီတို့ စျေးအပြောင်း အလဲ မရှိဘဲ အရောင်း အဝယ် ဖြစ်လျက် ရှိပါသည်။

 

ဆီ

          ဆီအနေဖြင့််မကွေးကုန်စည်ဒိုင်စျေးအရ( ၂၀..၂၀၂၀ )ရက်နေ့ နှင့်နှိုင်းယှဉ်ပါက စားအုန်းဆီ (၅၀/-) ကျပ်စျေးကျပြီး၊ နှမ်းဆီ၊ မြေပဲဆီ၊အပြောင်းအလဲမရှိဘဲ အရောင်းအဝယ်ဖြစ်လျှက်ရှိပါ သည်။

 

 

ဆန်

          မကွေးကုန်စည်ဒိုင်စျေးအရ ဆန်အနေဖြင့် (၂၀.၂.၂၀၂၀)ရက်နေ့ နှင့်နှိုင်းယှဉ်ပါက ဧရာပဒေသာခပ်ချက်၊ ပေါ်ဆန်းမွှေးဖျာပုံ၊ ပေါ်ဆန်မွှေးရွှေဘို စျေးအပြောင်းအလဲမရှိဘဲ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သုံးသပ် တင်ပြအပ်ပါ သည်။

ပခုက္ကူကုန်စည်ဒိုင် ကာလတူ စျေးနှုန်းသုံးသပ်ချက်

              ပခုက္ကူ   ကုန်စည်ဒိုင်တွင်    ယခင် (   ၂၀--၂၀၂၀    ) ရက်  စျေးနှုန်း  နှင့်   နှိုင်းယှဉ်ပါက စမုံနက်(ရှယ်) (၁၀၀၀/-) ၊ပဲဇီးကွက်(၂၀၀/-)၊ကျပ်စျေးတက်ပြီး   ပဲစဉ်းငုံ 2020(၁၂၀၀/-) ၊ ကုလားပဲ (929)(၁၂၀၀/)ကျပ်စျေးကျကာကျန်ပဲမျိုးစုံနှင့်နှမ်းစျေးများအပြောင်းအလဲမရှိဘဲနှမ်း(၄၅၀)အိတ်နှင့် ပဲမျိုးစုံ(၇၂၀)အိတ် အရောင်း အဝယ် ဖြစ်လျက်ရှိပါသည်။

ရေစကြိုကုန်စည်ဒိုင် ကာလတူ စျေးနှုန်းသုံးသပ်ချက်

              ရေစကြို ကုန်စည်ဒိုင်တွင်    ယခင် (   ၂၀--၂၀၂၀    ) ရက်  စျေးနှုန်း  နှင့်   နှိုင်းယှဉ်ပါက မတ်ပဲ(၂၀၀၀/-)၊ ပဲပုတ်(၅၀၀/-) စားအုန်းဆီ(၇၀/-)  ကျပ်    စျေးတက်ပြီး  ၊ပဲလွန်းပြာ(၅၀၀/-) ကုလားပဲ (HL)(၁၀၀၀/-)  ကုလားပဲ (929)(၁၂၀၀/-) ၊ကုလားပဲ (V2)(၁၀၀၀/)၊ထောပတ်ဖြူ(၅၀၀/)      ကျပ် စျေးကျကာ ကျန်ပဲမျိုးစုံနှင့်နှမ်းစျေးများ အပြောင်းအလဲမရှိဘဲစီပီပြောင်း(၅၀၀)အိတ်အရောင်း  အဝယ် ဖြစ်လျက်ရှိပါသည်။